top of page

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်မှစ၍ မိတ်ဖက်အဖွဲ့အစည်းများမှ ၎င်းတို့၏ကျန်းမာရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ထောက်ပံ့မှုပေးနိုင်စေရန် ဆေးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာကောင်းမွန်သော နည်းပညာများကို ဂုဏ်ယူစွာယူဆောင်လာပါသည်။ 

viber_image_2022-08-10_19-14-50-305_edited.jpg

၀၁

သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် ထောက်ပံ့ဖြန့်ဖြူးရေးစီမံခန့်ခွဲမှုကို အားကောင်းစေခြင်း

ကျွန်ုပ်တို့၏လုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍများသို့ 2021 ခုနှစ်မှစတင်၍ တိုးချဲ့ခြင်းဖြင့် ကျွန်ုပ်တို့၏နည်းပညာအဖွဲ့သည် ထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ အချက်အလက်စီမံခန့်ခွဲမှုစနစ် (LMIS) နှင့် အီလက်ထရောနစ်ဆော့ဖ်ဝဲစနစ် (eLMIS) များကို ပံ့ပိုးကူညီလျက်ရှိပါသည်။ ဝန်ဆောင်မှုပေးသည့်နေရာများရှိ မရှိမဖြစ်လိုအပ်သောဆေးပစ္စည်းများကို ပြတ်လပ်မှုမရှိစေရန် သေချာစွာစီမံနိုင်စေခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုများကို အကောင်းဆုံးပေးနိုင်စေရန် သေချာစေနိုင်ပါသည်။ 

၀၂

မျိုးဆက်ပွား သားဆက်ခြားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများလုပ်ဆောင်ခြင်း။

မျိုးဆက်ပွား သားဆက်ခြားကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုကို လိုအပ်သောလူထုအတွက် ​စီမံကိန်းများလုပ်ဆောင်လျက်ရှိပါသည်။

၀၃

ဆေးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း။

ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ဆေးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲ့မှုများ စံသတ်မှတ်ထားရှိ လုပ်ဆောင်စေနိုင်ရန် ပံ့ပိုးပေးခြင်းအပြင်၊ လိုအပ်သောဆေးပစ္စည်းများ ခန့်မှန်းတွက်ချက်ခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ နည်းပညာပံ့ပိုးမှုများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်၍ Zenith TRI သည် သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ပို့ချပေးလျက်ရှိပြီး ၎င်းတို့အား ယခုအချိန်အထိ အခြေခံနည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးလျက်ရှိသည်။ 

ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုတို့ပေးနိုင်စေဖို့ ထိ‌ရောက်သော နည်းပညာပေးဝန်ဆောင်မှုများဖြင့် သင့်ကိုဖေးမလျက်

မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများရရှိစေရန် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန် အခွင့်အလမ်းများအတွက် ကျွန်ုပ်တို့၏မိတ်ဖက်အဖွဲ့များကို ကျေးဇူးတင်ပါသည်။ ဆေးပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ နည်းပညာပံ့ပိုးကူညီမှုအဖွဲ့အနေဖြင့် ဤဝဘ်တွင် တင်ပြထားသော ကိန်းဂဏန်းအချက်အလက်များနှင့် ‌

အကြောင်းအရာများကို ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများမပါဘဲ

ရရှိနိုင်မည်မဟုတ်ပါ။  

ငြင်းဆိုချက်- ပူးတွဲပါဓာတ်ပုံများသည် ခွင့်ပြုချက်ဖြင့် ရိုက်ကူးထားသည်။

ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားမှု၊ နှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု ကင်းစင်သော လုပ်ငန်းခွင်ဖြစ်စေရန် ရှေးရှုလျက် လုံခြုံသောအလုပ်ခွင်ဖြစ်စေရန်

အမြဲကြိုးစားလျက်ရှိသည်။

Copyright ©2022 by Zenith TRI

bottom of page